Advertisement

မရမ်းသီးငပိထောင်းနည်း

မရမ်းသီးငပိထောင်းနည်း

မရမ်းသီးငပိထောင်း

မရမ်းသီးငပိထောင်း

ပါဝင်ပစ္စည်းများ

  • 🟢 မရမ်းသီး - ၅ ကျပ်သား
  • 🟢 မျှင်ငပိ - ဟင်းစားဇွန်း ၁ ဇွန်း (မီးကင်ထားပါ)
  • 🟢 ပုစွန်ခြောက် - ဟင်းစားဇွန်း ၁ ဇွန်း
  • 🟢 ငရုတ်သီးစိမ်း - အစပ်ကြိုက်သလောက် (လှော်ထားပါ)
  • 🟢 ကြက်သွန်ဖြူ - ၂ လုံး
  • 🟢 ဆား - အရသာအတွက်

ပြုလုပ်နည်းအဆင့်ဆင့်

  1. မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲပြီး အစေ့ထုတ်ပါ။ ထို့နောက် ဆားဖြင့် ခေတ္တနယ်ထားပြီး ရေပြန်ဆေးကာ ပါးပါးလှီးထားပါ။
  2. ပုစွန်ခြောက်ကို ရေဆေးပြီး ငရုတ်ဆုံတွင် ညက်အောင် အရင်ထောင်းပါ။
  3. ပုစွန်ခြောက်ညက်လျှင် အခွံနွှာထားသော ကြက်သွန်ဖြူနှင့် လှော်ထားသော ငရုတ်သီးစိမ်းတို့ကို ထည့်ပြီးထောင်းပါ။
  4. ထို့နောက် ပါးပါးလှီးထားသော မရမ်းသီး၊ မီးကင်ထားသော မျှင်ငပိ နှင့် ဆားတို့ကို တစ်ခါတည်းထည့်ပြီး သမအောင်ထောင်းပါ။
  5. အရသာမြည်းကြည့်ပြီး လိုအပ်ပါက ဆားထပ်ထည့်နိုင်ပါသည်။ ချဉ်ငံစပ် ထမင်းမြိန် မရမ်းသီးငပိထောင်းကို သုံးဆောင်နိုင်ပါပြီ။
အသင့်စားသုံးနိုင်သော မရမ်းသီးငပိထောင်း

မူရင်းပိုစ့်ပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။ 😋😋😋

Post a Comment

0 Comments