
ရောင်စုံဂျယ်လီနဲ့ကျောက်ကျောကြိုနည်း
🍮 ရောင်စုံဂျယ်လီနဲ့ကျောက်ကျောကြိုနည်း
✅ လိုအပ်သောပါဝင်ပစ္စည်းများ
- ရောင်စုံဂျယ်လီ – ၁ ထုပ် (စျေးမှာ ရရှိနိုင်တဲ့အရောင်စုံ jelly အထုပ်)
- ကျောက်ကျောမုန့် (တယ်လီဖုန်းတံဆိပ်) – ၁ ထုပ် (၂၅ ဂရမ်)
- သကြား – ၂၀၀ ဂရမ် (ချိုချင်တဲ့အတိုင်းညှိနိုင်)
- ရေ – ၁၀၀ မီလီလီတာ (၁ လီတာ)
🧑🍳 လုပ်နည်း
အဆင့် (၁): ဂျယ်လီပြင်ဆင်ခြင်း
- ရောင်စုံဂျယ်လီကို ကတ်ကြေး သုံးပြီး လေးထောင်တုံး/မိမိစိတ်ကြိုက်ပုံစံလေးလှီးဖြတ်ထားပါ။
- ကျောက်ကျောအအေးခံမဲ့လင်ဗန်းထဲကို အလှဆင်ပြီး ထည့်ပေးထားပါ။
အဆင့် (၂): ကျောက်ကျောရည်ပြုလုပ်ခြင်း
- အိုးတစ်လုံးမှာ ရေ ၁ လီတာကြို ချက်ပေးပါ။
- ရေနွေးလာတဲ့အခါ ကျောက်ကျောတထုပ် ၂၅ ဂရမ် ကိုထည့်ပါ။ ပုံမှန်ကျောက်ကျောကြိုသလိုမျိုးကြိုပါ။
- သကြားကိုအချိုနှစ်သက်သလောက် ထည့်ပါ။
- ပြီးရင် မီးပိတ်ပြီး ခုဏပြင်ဆင်ထားတဲ့ဂျယ်လီဗန်းထဲလောင်းထားပါ။
- မိမိစိတ်ကြိုက် လှီးပြီး အလှဆင်တာဖြစ်ဖြစ် မိမိကလေးကိုဖြစ်ဖြစ် လုပ်ကြွေးနိုင်ပါသည်။
📌 သတိပြုရန်: ရေထည့်ရာတွင် အတိုင်းအတာသတိပြူပါ။
0 Comments