Advertisement

ဝက်နံရိုးမီးတောက်ချက်နည်း

ဝက်နံရိုးမီးတောက်

ထိုင်းစတိုင် အရသာစပ်စပ်လေး

ဝက်နံရိုးမီးတောက်သည် ထိုင်းနိုင်ငံတွင် လူကြိုက်များသော ဟင်းလျာတစ်ခုဖြစ်ပြီး အရသာရှိပြီး စပ်သောအရသာကြောင့် လူသိများသည်။ အိမ်မှာ အလွယ်တကူ ချက်စားနိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်နံရိုးမီးတောက်

အရသာရှိသော ဝက်နံရိုးမီးတောက်

Video ဖြင့်ကြည့်ရှုရန်

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး - ၂ ပိဿာ
  • ငရုပ်သီးအစိမ်းတောင့် - ၂၀ တောင့်
  • နံနံပင် - ၅ ပင်
  • ကြက်သွန်ဖြူ - ဥကြီး ၂၀
  • ဂျင်း - ၁ တက်
  • သံပုရာသီး - ၅ လုံး
  • စပါးလင် - ၃ ပင်
  • ဟင်းချိုမှုန့်အခဲ (ခနော) - ၂ ခဲ
  • ငံပြာရည် - ဟင်းခပ်ဇွန်း ၃ ဇွန်း
  • သကြား - ဟင်းခပ်ဇွန်း ၁ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်

ချက်ပြုတ်နည်းအဆင့်ဆင့်

  1. ဦးစွာ ဝက်နံရိုးများကို အရှည်လိုက်လှီးဖြတ်ပြီး ရေစင်အောင်ဆေးပါ။
  2. အိုးထဲသို့ ရေ ၂ လီတာထည့်ပြီး ဝက်နံရိုးကိုပြုတ်ပါ။ ရေဆူ၍ အမြှုပ်များတက်လာပါက ခပ်ထုတ်ပစ်ပါ။
  3. ထို့နောက် ရေသွန်ပြီး ရေသစ်ဖြင့်ပြန်တည်ပါ။
  4. ဟင်းချိုမှုန့်အခဲ၊ လှီးထားသောဂျင်း (၅)ပြား၊ ငံပြာရည်၊ စပါးလင်၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ (၅)ဥ၊ သကြား နှင့် ဆားတို့ကိုထည့်ပါ။
  5. အားလုံးထည့်ပြီးပါက မီးအသင့်အတင့်ဖြင့် မိနစ် (၃၀) ခန့် နူးအိသည်အထိ ပြုတ်ထားပါ။
  6. ဝက်နံရိုးပြုတ်နေစဉ် အချဉ်ရည်အတွက် ငရုပ်သီး၊ ကြက်သွန်ဖြူ နှင့် လှီးထားသော နံနံပင်တို့ကို ကြိတ်စက်ဖြင့်ကြိတ်ပါ။
  7. ဝက်နံရိုးနူးပါက ပန်းကန်တစ်ခုထဲသို့ ဆယ်ထည့်ပြီး လှပအောင်ပြင်ဆင်ပါ။
  8. ကြိတ်ထားသော အချဉ်ရည်ထဲသို့ သံပုရာရည်ညှစ်ထည့်ပြီး ဝက်နံရိုးပေါ်သို့ ဆမ်းလိုက်ပါ။

အရသာရှိတဲ့ ဝက်နံရိုးမီးတောက်ကို သုံးဆောင်နိုင်ပါပြီ!

Post a Comment

0 Comments