Advertisement

ဝက်ခေါက်ကြော်ကြွပ်လေး

••••••••••••••••••••••••••••••••••••••••••••••••••••••• 

 (၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀က်သား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။ 
 (၂) ၀က်သားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။ 
 (၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်၀င်နေအောင် ပွတ်လိမ်းပေးထားပါ။ 
 (၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။ 
 (၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်၀က်သာ လှီးပါ။ (၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။ 

 (၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။ ထိုင်းမှ စားဖိုမှုးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အားလုံးအဆင်ပြေအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။



Post a Comment

0 Comments