ချဉ်ပေါင်ကြော်နည်း
အချဉ်ပေါ့အောင် ကြော်နည်း
အိမ်မှာ မကြာခဏ ကြော်စားဖြစ်နေတဲ့ ချဉ်ပေါင်ကြော်နည်းလေးကို အချဉ်ပေါ့အောင် ကြော်တဲ့ နည်းလေးနဲ့ ရေးသားပေးပါမယ်ရှင့်။
ပါဝင်ပစ္စည်းများ
- ချဉ်ပေါင်ရွက် (ရေဆေးပြီး ရေစစ်ထားပါ)
- ကြက်သွန်ဖြူ (ထောင်းရန်)
- ကြက်သွန်နီ (ထောင်းရန်)
- ငရုတ်သီး အရောင်တင်မှုန့် (ထောင်းရန်)
- ပုဇွန်ခြောက် (ထောင်းရန်)
- မျှစ်ပြုတ်
- ငရုတ်သီးစိမ်း
- ငရုတ်သီးအကြမ်းမှုန့်
- စိမ်းစားငပိ
- အချိုမှုန့် (သို့မဟုတ်) သကြား
- ဆီ
- ဆား

အရသာရှိသော ချဉ်ပေါင်ကြော်
ကြော်နည်း
- မကြော်ခင် အရင်ဆုံး ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားပါ။
- ရေနွေးဆူလာလျှင် ချဉ်ပေါင်ရွက်ကို အရင်ထည့်ပြုတ်ပါ။ ချဉ်ပေါင်ရွက် နွမ်းပြီး နူးညံ့အိဖတ်လာလျှင် အရည်ငှဲ့ပစ်ပြီး ရေစင်အောင် စစ်ထားပါ။
- ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ရေစစ်ထားသော ချဉ်ပေါင်ရွက်များကို အိုးထဲထည့်ပြီး ရေခြောက်အောင် မွှေပေးပါ။ မျှစ်ကိုလည်း တစ်ခါတည်း ရောပြီးထည့်မွှေပါ။
- အစပိုင်းတွင် နားနားပြီး မွှေပေးပါ။ ရေခြောက်ကာနီးပြီဆိုသည်နှင့် ခပ်နာနာ အဆက်မပြတ် မွှေပေးပါ။ (အိုးကပ်တတ်သောကြောင့်ပါ။) ခြောက်လျှင် ချလို့ရပါပြီ။
- ပြီးလျှင် အိုးအသန့်/ဒယ်အိုးကို ပူအောင်တည်ပါ။ ဒယ်အိုးပူလာလျှင် ဆီထည့်ပါ။
- ဆီပူလာလျှင် ထောင်းထားသော ငရုတ်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်တို့ ထည့်မွှေပြီး ဆီသပ်ပါ။
- ဆီသပ်နေချိန်တွင် ငရုတ်သီးအကြမ်းမှုန့် ထည့်ပါ။ စိမ်းစားငပိကို ရေဖျော်ပြီးထည့်မွှေပါ။
- ဆီပြန်လာလျှင် ခြောက်အောင်မွှေထားသည့် ချဉ်ပေါင်ရွက်နှင့် မျှစ်တို့ကို ထည့်ကြော်ပြီး ငရုတ်သီးစိမ်း၊ ဆား၊ အချိုမှုန့် (သို့မဟုတ်) သကြားတို့ကို ထည့်ပြီး နှံ့အောင်မွှေကာ ကြော်ပါ။
ချက်ပြုတ်နည်း အကြံပြုချက်များ ✨
ဒီချဉ်ပေါင်ကြော်နည်းအတွက် Gemini AI ကနေ ထပ်ဆောင်းအကြံပြုချက်တွေ ဒါမှမဟုတ် တီထွင်ဖန်တီးမှုအသစ်တွေ ရယူနိုင်ပါတယ်။
အကြံပြုချက်များ ထုတ်လုပ်နေပါသည်။ ခဏစောင့်ပေးပါ...
ကဲ ဒါဆိုရင် အရသာ အရမ်းရှိတဲ့ ချဉ်ပေါင်ကြော်လေး စားလို့ရပါပြီနော်ရှင့်!
0 Comments